ကျောက်ဆည်မြို့နယ် အင်းကုန်း အခြေခံပညာမူလတန်း(လွန်)ကျောင်း၌  မိုးရာသီ လူထုလှုပ်ရှားမှုဖြင့် စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

ကျောက်ဆည် ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုဖြင့် စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီက ကျောက်ဆည် မြို့နယ်အင်းကုန်း အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်‌ဇော်နှင့် အတွင်းရေးမှုး ရဲမှူး ကျော်စိုးမိုးတို့က ပျိုးပင်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ဆည်မြို့နယ် ဦးစီးမှူးရုံး၊ မြို့နယ်လမ်းဦးစီးဌာန၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူတို့အား ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အင်းကုန်းစက်ရုံမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊  စုစုပေါင်း ၆၃၃ ဦး တို့က တမာ ၁၀၀ ပင်၊ စိန်ပန်း ၁၀၀ ပင်၊ ကုက္ကိုလ် ၁၀၀ ပင်၊ ယူကလစ် ၁၀၀ ပင်၊ မယ်ဇလီ ၁၀၀ ပင် စုစုပေါင်း ပျိုးပင် ၅၀၀ တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)၏