ချောက်မြို့နယ်၌ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး ဟောပြော
Jul 13,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်းကို မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်(ချောက်)မှ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ ယနေ့နံနက်(၉)နာရီမှ စတင်ကာ အ.ထ.က(၁)နှင့် အ.ထ.က(၄)ခန်းမတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။