မော်လိုက် ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း စက်ချုပ်နည်းသင်တန်းကို ဇူလိုင်လ (၆) ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
မော်လိုက်မြို့နယ်တွင် နေထိုင်ကြသူများ၏ လူမှုဘဝတိုးတက်ဖွံ့ဖြိုးလာစေရန်၊ အိုးမကွာအိမ်မကွာဖြင့် အလုပ်အကိုင်ရရှိပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်စေရန်၊ ဌာနမှ ဖွင့်လှစ်သင်ကြားပေးခဲ့သော အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို လက်တွေ့ နယ်ပယ်တွင်အသုံးပြုပြီး တစ်ဖက်တစ်လမ်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ အိမ်တွင်း တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ဆောင်ရွက် လာစေရန် ရည်ရွယ်၍ဖွင့်လှစ်သော စက်ချုပ်နည်းသင်တန်းကို (၆-၇-၂၀၂၆) ရက်နေ့မှ (၄-၈-၂၀၂၆) ရက်နေ့အထိ ဘာသာရပ် (၁၄) မျိုးကို သင်တန်းသူ (၁၂) ဦးတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)