ရွှေကူ အောက်တိုဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ယနေ့နံနက်(၉)နာရီခန့်က ရွှေကူမြို့နယ်အတွင်းရှိ ပရဟိတအသင်းသားများသို့ ဆန်အိတ်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်အိတ်များ ထောက်ပံ့ပေးအပ်ရာတွင် ရွှေကူမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားမှုများ စတင်သည့်အချိန်မှစ၍ ယနေ့ အချိန်အထိ ကိုဗစ်−၁၉ ကူးစက်ခံရသူ လူနာများနှင့်ထိတွေ့ဆက်စပ်သူများအား အကြိုအပို့လုပ်ပေးခြင်း၊ သေဆုံးလူနာများအား ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ မြေမြုပ်သင်္ဂြိုဟ်ပေးခြင်းများကို နေ့ညအချိန်မရွေး လက်တွဲညီညီ ဆောင်ရွက်ပေးခဲ့ကြသော ပရဟိတညီအစ်ကို မောင်နှမများ၏မိသားစုများ စားဝတ်နေရေး အထောက်အကူဖြစ်စေရန်အတွက် မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၄)ရပ်ကွက်၊ “ရွှေကူ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း”နှင့် အမှတ်(၂)ရပ်ကွက်၊ “ငြိမ်းအေးချမ်းသာ လူမှုကူညီရေးအသင်း”များရှိ ပရဟိတညီအစ်ကိုများအတွက် ဆန်(၁၂)ပြည်ပါ ဆန်အိတ်(၄၀)အိတ်ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)