ရန်ကုန် အောက်တိုဘာ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာ၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth) သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း ယနေ့ နံနက် ၁၀ နာရီက အဆိုပါ မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth) သင်တန်းဖွင့်လှစ်ပို့ချရာတွင် သန်လျင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ဥမ္မာခိုင်နှင့် (အငယ်တန်းအင်ဂျင်နီယာ- ၂) ဒေါ်ခိုင်စပယ်ဝေတို့က ဦးဆောင်၍ သန်လျင်မြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်းကျေးရွာ ၁၃ ရွာ၊ (VDP) စီမံကိန်းကျေးရွာ ၅ ရွာ၊ ရေပေးရေးလုပ်ငန်းဆောင်ရွက် နေသော ကျေးရွာ ၄ ရွာအပါအဝင် စုစုပေါင်းကျေးရွာ ၂၂ ရွာတို့တွင် ခေါင်းစဉ် (၈) ခုဖြင့် စာတွေ့၊ လက်တွေ့ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများတွင် သင်တန်းများ ဖွင့်လှစ်ပို့ချပေးမှုကြောင့် ကျေးလက်နေ ပြည်သူများအနေဖြင့် သင်တန်းမှပို့ချသော စာတွေ့၊ လက်တွေ့များနှင့် ပေါင်းစပ်ကာ လုပ်ငန်းများဆောင်ရွက်ပါက ကျေးရွာများတွင် စဉ်ဆက်မပြတ် ဝင်ငွေမြင့်မားလာခြင်းနှင့် ဆင်းရဲမှုလျော့ကျလာခြင်း၊ စွန့်ပစ်ပစ္စည်း များကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေနှင့် ကောင်းမွန်သော မိလ္လာစနစ် ရရှိခြင်း၊ ကျေးလက်လူနေမှုဘဝ ပိုမိုတိုးတက်မြင့်မားလာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုဖော်ဆောင်နိုင်ခြင်း၊ မြင်သာမှုရှိသော အကျိုးကျေးဇူးများနှင့် သွယ်ဝိုက်သော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်