လဲချားမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask မတပ်သူများအား ကျန်းမာရေး စစ်ဆေးပေး

လဲချား  အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လဲချားမြို့ မြို့မစျေးကြီးရှေ့တွင် မြို့နယ်အတွင်း ကိုဗစ်(၁၉)ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းပပျောက်စေရေးအတွက် Mask မတပ်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းကို ယနေ့နံနက်  (၇) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လဲချားမြို့နယ် ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အိမ်အပြင်ထွက်သွားလာကြသော ခရီးသွားပြည်သူများ၊ စျေးရောင်း/စျေးဝယ်များအား နှာခေါင်းစည်း မတပ်ကြသူများ၊မေးတွင်ချိတ်ထားသူများအား  RDT Test  Kit ဖြင့် ရောဂါပိုးရှိ/မရှိကို စစ်ဆေးပေးပြီး ရောဂါပိုးတွေ့ရှိပါက ဆေးကုသမှုခံယူရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကုသရေးဆောင်သို့ ပို့ဆောင်ပြီး ရောဂါပိုးမတွေ့ရှိသူအား အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လွှမ်းသူနောင် (လဲချား)