ပိုင်ကျုံ အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက်(၈)နာရီအချိန်တွင် ကာကွယ် ဆေးထိုးရန်စုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ချက်များကြေညာရာတွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါသည် မိမိကစ၍ ကာကွယ်ရမည့်ဖြစ်ရာ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့်ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေမည့်နည်းလမ်းများကို ကာကွယ်ဆေး လာရောက်ထိုးနှံသည့် မိဘပြည်သူများအား အသိပညာ ဗဟုသုတ ပိုမိုသိရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်း များနှင့် ကာကွယ် ဆေးထိုးပြီးသော်လည်း ဆက်လက်လိုက်နာဆောင်ရွက်ရမည့် အချက်များအား ကရင်၊ မြန်မာ နှစ်ဘာသာ ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)