စက်သုံးဆီ သုံးမျိုးအား အထူးစျေးဖြင့် ရောင်းချပေးလျက်ရှိ

ရွှေဘို အောက်တိုဘာ

 

 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော BOC စက်သုံးဆီအရောင်းဆိုင်နှင့် DENKO စက်သုံးဆီအရောင်းဆိုင်များက စက်တင်ဘာလ ၂၉ ရကက်နေ့ကစတင်ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် စက်သုံးဆီ မျိုး ( 92 Ron”pre.Diesel”Diesel)ကိုအထူးစျေး နှူန်းဖြင့်သတ်မှတ် ထားသည့် ခွဲတမ်း အတိုင်းရောင်းချပေးခဲ့ရာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

 အဆိုပါ ဆီရောင်းချနေမှုကို စားသုံးသူရေးရာဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ရာ 92Ron တစ်လီတာ ၁၁၇၂ ကျပ်၊ ပရီမီယံ တစ်လီတာ ၁၁၅၃ ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာ ၁၁၅၂ ကျပ်တို့ဖြင့်ရောင်းချနေကြောင်းသိရှိရသည်။ သတ်မှတ်ခွဲတမ်းကုန်ဆုံးပါက ပုံမှန်စျေးနှုန်းဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း စက်သုံး ဆီရောင်း ချသူများ ထံမှသိရသည်။

 

ခရိုင်(ပြန်/ဆက်)