အထက်မင်းလှ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်( ၈၅ )နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်းမှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေး မှူးနှင့်တာဝန်ရှိသူများ၊လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများကအိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တတိယသုံး လပတ် ( ဧပြီ၊ မေ၊ ဇွန်) လများ အတွက် အဘိုးအဘွား တစ်ဦးလျှင် လူမှုရေးပင်စင်(၃၀၀၀၀/-) ကျပ်နှုန်းဖြင့် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၈၁၃)ဦးအတွက် ငွေကျပ် ( ၂၄၃၉၀၀၀၀/- ) ကို နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက အဘိုးအဘွားများအား အိမ်တိုင်ရာ ရောက်လိုက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)