ရေဦးမြို့တွင် အောက်ဆီဂျင်ထုတ်စက်ရုံတည် ဆောက်မှုရာနှုန်းပြည့်နီးပါးပြီးစီး

ရေဦး အောက်တိုဘာ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စက်မှု လယ်ယာဦးစီးဌာန ရုံး၀င်းအတွင်းတွင် အောက်ဆီဂျင် ထုတ်လုပ်နိုင်ရေး ယာယီ အဆောက်အုံ တည်ဆောက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါးပြီးစီး‌နေ ပြီဖြစ်ကြောင်း သိရသည်။

အောက်ဆီဂျင် ထုတ်စက်ရုံတည်ဆောက်နိုင်ရေးအတွက် မင်္ဂလာရာမစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝေပုလ္လာစာရ ဦးဆောင်မှုနှင့်အတူ USA နိုင်ငံမုဒိတာဆရာတော်၊  ပြည်တွင်းပြည်ပ မြို့နယ်သူမြို့နယ်သား ဒေသခံအလှူရှင်များစုပေါင်းအားဖြင့် ယခုလိုတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။

"အောက်ဆီဂျင်ထုတ်စက်ရုံကပြီးစီးနေပါပြီ၊ စတင်လည်ပတ်နိုင်ဖို့ အသင့်ဖြစ်နေသော်လည်း စက်စပ် ပစ္စည်း အချို့ လိုအပ်နေ၍ စောင့်ဆိုင်းနေခြင်းဖြစ်ပါတယ်၊ အောက်ဆီဂျင်ထုတ်ပေးနိုင်မှုကတော့ တစ်ရက်လျှင် အောက်ဆီဂျင်၄၀ လီတာဆံ့ဆလင်ဒါအိုး ၁၂၀ လုံးထုတ်လုပ်ဖို့ရှိပါတယ်၊ မကြာမီထုတ်လုပ်ပေးနိုင်ဖို့ ကြိုးစား နေပါတယ်၊ လတ်တလောမှာတော့ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး အောက်ဆီဂျင် သယ်ယူရေးအဖွဲ့မှ နေ့စဉ်  အောက်ဆီဂျင်ရရှိနိုင်တဲ့ မုံရွာ၊ မေမြို့၊ ထီဆောင်းအထိ သယ်ယူပေးလျက်ရှိပါတယ်၊ အခု အောက်ဆီဂျင် စက်ရုံတည်ဆောက်ပြီးစီးမှုအနေနဲ့ ရာနှုန်းပြည့်နီးပါးပြီးစီး‌ နေပြီလို့ပြောလို့ရပါတယ်၊ လာမည့် အောက်တိုဘာလ မှာ စတင်လည်ပတ်ဖို့ ကြိုးစားနေကြောင်း၊ ယနေ့စက်တင်ဘာ ၃၀ရက် နံနက်ပိုင်းက ထီးဆောင်းမှ အောက်ဆီဂျင်အိုး ၁၀၃ လုံးသယ်ယူကာဆေးရုံသို့ပို့ပေးနိုင်ခဲ့ပါတယ်ဟု "အောက်ဆီဂျင် ထုတ်စက်ဖြစ် မြောက်ရေး ကော်မတီ၀င်တစ်ဦးကပြောသည်။ ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြင့်ဆေကုသနေသူ ၇၄ ဦး အနက် အောက်ဆီဂျင်ပေးထားရသူ ၃၈   ဦးရှိကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)