ဇလွန်မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းများအား စီစစ်ရေးကတ်ပြားနှင့် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများလှူဒါန်း

ဇလွန်    အောက်တိုဘာ   

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ဇလွန်မြို့နယ် အတွင်းရှိ ပရဟိတအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းများအား စီစစ်ရေးကတ်ပြားနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာနအစည်းအဝေးခန်းမတွင်ပေးအပ် လှူဒါန်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင် ရွက်ပေးခဲ့ကြသော ပရဟိတအဖွဲ့အစည်းများမှ စေတနာ့ ဝန်ထမ်းများအား စီစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း အဖွဲ့ဝင်() ဗိုလ်မှူးဝင်းလွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းလွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလွင် တို့တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးအပ်သောစီစစ်ရေး ကတ်ပြားများကို ပရဟိတ အဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဇလွန်မြို့နယ်လူမှုဝန် ထမ်းစီးဌာနမှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ဇလွန်မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့အစည်းများထံသို့ အသီးသီးဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဝေယံဇလွန် (ပြန် / ဆက်)