သံဖြူဇရပ်မြို့နယ်တွင် " ပန်းခင်းစီမံချက် " ဖြင့် ဝဲကဝါကျေးရွာပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

 

သံဖြူဇရပ်   အောက်တိုဘာ  ၁

 

 

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊   သံဖြူဇရပ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီး ဌာန မှ " ပန်းခင်းစီမံချက် " ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကိုယနေ့နံနက် ၉ နာရီကဝဲက ဝါကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက် ပေးသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင်  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန    မြို့နယ် ဦးစီးမှူးရုံးမှ  ဝန်ထမ်းများက  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး  လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ရာ ၃(က)  ဖြင့်  ၁၀ဦး ၊    ၆(က)ဖြင့်  ၁၉ ဦး၊  လဲလှယ်  ၂၈ဦး  ၊  ပျောက်ဆုံး  ၂၄ဦး၊ နိုင်ငံသားကတ် လာရောက်ဆောင်ရွက်သူ ကျား  (၄၂) ဦး ၊ မ (၃၉) ဦး နှင့်စုစုပေါင်း( ၈၁ ) ဦးတို့အား ပြုလုပ်ပေးခဲ့ကြောင်းနှင့်   ကျန်ရှိနေသည့်ကျေးရွာများသို့ "ပန်းခင်းစီမံချက်"ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်များကို   သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်     ပူးပေါင်း၍   ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ထံမှ သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)