ကျောက်တန်းမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဗီနိုင်းပိုစတာများစိုက်ထူ

ကျောက်တန်း အောက်တိုဘာ ၁ 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဗီနိုင်းပိုစတာများ စိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျိုက်မှော်ဝန်းရေလယ်စေတီတော်  ကားပါ ကင်၊ ဂတ်တန်းကွေ့နှင့် YBS ၉၅ ဂိတ်တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

ဗီနိုင်းပိုစတာစိုက်ထူရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ အား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင်  အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူနှင့် လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း စသည့်အချက်လေးချက်ဖြင့် ဖော်ပြပါရှိကြောင်း သိရသည်။

“ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ပြုလုပ်နိုင်ရေးအတွက် ကျောက်တန်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက်/ကျေးရွာစာရေးများက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအလိုက် လိုက်လံ စာရင်းကောက်ယူ လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်