မိတ္ထီလာ အောက်တိုဘာ ၁
(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ရုံးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်အတွင်းရှိ မြို့မရဲစခန်း၊ အမှတ်(၂)နယ်မြေရဲစခန်း၊ အမှတ်(၃)နယ်မြေရဲစခန်း၊ ရှမ်းမငယ်ရဲစခန်း၊ အလည်ရွာရဲကင်းစခန်းတို့ရှိ အရာရှိအဆင့်နှင့် အခြားအဆင့်အပါအဝင်တပ်ဖွဲ့ဝင် ၂ဝ၁ ဦးတို့အား ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ ကုလားပဲနှင့် ကြက်ဥများ အစရှိသည့် အခြေခံစားသောက်ကုန် ပစ္စည်းများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ချမ်းသာ