မြို့သစ်မြို့နယ် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုလျော့နည်းကျဆင်းပြီး ဆဒ္ဒန် ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျမှုမရှိ

မြို့သစ်   အောက်တိုဘာ ၁

 

မကွေးတိုင်းဒေသကြီး  ၊   မြို့သစ်မြို့နယ်ရှိ   စွန်ဆည်ရေလှောင်တမံရေပိုလွှဲ မှရေကျော်ကျမှု သည်   ယနေ့နံနက်ပိုင်းတွင်  ဆက်လက်လျော့နည်းကျဆင်းလာပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံရေပို လွှဲမှ  ဆက်လက်ရေကျော်ကျမှုမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာ နက သိရသည်။

 

စွန်ဆည်ရေလှောင်တမံသည်  ယမန်နေ့နံနက်ပိုင်းက ရေပြည့်အမှတ်ထက်(သုည ဒသမ သုံး ပေခန့်) ရေကျော်ကျမှုရှိရာမှ  ယနေ့နံနက်ပိုင်းတွင်  ( သုည  ဒသမ နှစ်ပေခန့် ) သာရှိသည့်အတွက် (သုည ဒသမ တစ်ပေခန့်)ဆက်လက် လျော့နည်းကျဆင်းပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယမန် နေ့  နံနက်ပိုင်းက ရေပြည့်အမှတ်ထက် (  သုည  ဒသမ တစ်ပေခန့် ) ရေကျော်ကျရာမှ ယနေ့နံနက် ပိုင်းတွင်  ရေပြည့်အမှတ် ( ၅၆၀ ဒသမ  ၅၀ပေ) သာရှိသည့်အတွက် ရေကျော်ကျမှုမရှိကြောင်း သိရ သည်။

 

စွန်ဆည်ရေလှောင်တမံ၏ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း   ရေထုတ်ပြွန်  ၊  ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး ဆည်အနီးအ နားရှိကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုး ဆော်မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံကသိရသည်။

 

ဝင်းအိဇွန် (ပြန်/ဆက်)