မိုင်းယန်း အောက်တိုဘာ ၁
ပန်းခင်းစီမံချက် အစီအစဉ်အရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ယန်းကောင်ကျေးရွာအုပ်စု အတွင်းရှိ တောင်ပေါ်ကျေးရွာများသို့ စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်၍ အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုင်းယန်းမြို့နယ် ဦးစီးမှူး ဦးစိုင်းသောင်းရွှေနှင့် ဝန်ထမ်းများက ယန်းကောင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများအား သတ်မှတ်စုရပ်များ၌ မှတ်ပုံတင်မရှိသူများကို မှတ်ပုံတင် ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ လဲလှယ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံး သူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေ တိုး/ပြောင်းရွှေ့ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး