ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၆)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ကွန်ဟိန်း အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ()ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း ယမန်နေ့ ညနေ နာရီအချိန်ခန့်က မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ထံမှ သိရသည်။

ဖြစ်စဉ်မှာ ကွန်ဟိန်းမြို့၊ အမှတ်()၊ အမှတ်()၊ အမှတ်() ရပ်ကွက်တို့၌ နေထိုင်သော အမျိုးသား()ဦးနှင့် အမျိုးသမီး()ဦးတို့သည် ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း တို့ကြောင့် မွန်းလွဲ နာရီအချိန်ခန့်တွင် ကွန်ဟိန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးမှုခံယူရန် ရောက်ရှိလာသဖြင့် Test Kit ဖြင့်စစ်ဆေးခဲ့ရာ အမျိုးသား()ဦးနှင့် အမျိုးသမီး()ဦး၊ စုစုပေါင်း ()ဦးတို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ (တွေ့ရှိ)ခဲ့သည်။

ကျန်အမျိုးသား()ဦးနှင့် အမျိုးသမီး()ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးအတည်ပြုလူနာ()ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ အထူးကုသဆောင်၌ ကြပ်မတ် ကုသပေးလျက်ရှိပြီး ရောဂါပိုးမတွေ့ရှိသူကျန် ()ဦးအား နေအိမ်၌ Stay At Home နေထိုင်စေ၍ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများကိုလည်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူများက ကွင်းဆင်း၍ စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည့်(ကွန်ဟိန်း)