အောင်လံ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ အလယ်တန်းနှင့် အထက်တန်း ကျောင်းများအလိုက် အသက်(၁၂)နှစ်ပြည့်သူ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံနိုင်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် အသက်(၁၂)နှစ်ပြည့်သူ ကျောင်းသား၊ ကျောင်းသူများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) အားအပြည့် အဝထိုးနှံရေးနှင့် ကျောင်းသား, ကျောင်းသူများ၏ အခြေခံအချက်အလက် စာရင်းဇယားများ မှန်ကန်မှုရှိစေရေးတို့ကို ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က ကာကွယ်ဆေး ထိုးနှံမည့်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က ကာကွယ်ဆေး ထိုးစုရပ်သတ် မှတ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)