ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်း မရှိသူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့်ဆောင်ရွက်

ဇလွန်  အောက်တိုဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် Mask နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မီးပွိုင့်လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြသည်။

Mask တပ်ဆင်ခြင်းမရှိသူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့်ဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက Mask နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအား Mask နှစ်ခုလျှင် ငါးရာဖြင့် ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး ဆိုင်ကယ်စီးဦးထုပ်မပါဘဲ မောင်းနှင်သူများကို ဆိုင်ကယ်စီး ဦးထုပ်ဆောင်းစေရန် အသိပညာပေးခဲ့ကြောင်းသိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)