မြို့သစ်မြို့နယ်တွင် ကုန်ကျစရိတ်သက်သာသော ဘုရားပန်းများ စိုက်ပျိုးကာ စားဝတ်နေရေး အတွက် အဆင်ပြေလျက်ရှိသော်လည်း မိုးများသည့်အတွက် စိုးရိမ်နေရ

မြို့သစ်    အောက်တိုဘာ   ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မကွေးခရိုင်၊ မြို့သစ်မြို့နယ်ဆင်ဖြူချီအုပ်စု ထန်းရင်ကျေးရွာ၊ မကြီးကုန်းလေးကျေးရွာများရှိ တောင်သူများအနေအနေဖြင့် မိသားစုစားဝတ်နေရေးအတွက် အဓိက စိုက်ပျိုးလျက်ရှိသော ဘုရားပန်းဖြစ်သည့် ရေမွှေးပန်းစိုက်ခင်းကို နွေ၊ မိုး ၊ ဆောင်း ရာသီအချိန်များတွင် နားရက်မရှိ မြေဆီမြေသြဇာပတ်ဖြန်းကာ စိုက်ပျိုးလျက်ရှိသည်။

နောက်မိုးကောင်းသည်ဖြစ်၍ မြေအောက်ရေကိုအသုံးမပြုရဘဲ မိုးအဆက်မပြတ်ရွာသွန်းနေသည့် အတွက် မိုးရေဝင်ရောက်မှုများကာ စိုက်ပျိုးထားသည့် အပင်များရေနစ်မှာစိုးရိမ်နေရကြောင်း ရေမွှေးပန်း စိုက်တောင်သူဖြစ်သော ဦးဇော်ဝင်းထံကကြား သိရသည်။

ရေမွှေးပန်းစိုက်ပျိုးရာတွင် အခြားအပင်များကဲ့သို့ မျိုးစေ့ချစိုက်ပျိုးခြင်းမဟုတ်ဘဲ ကိုင်းကူးစိုက်ပျိုးရ သောအပင်အမျိုးအစားဖြစ်သည်။ စိုက်ပျိုးရာတွင်မြေကိုထွန်ယက်ကာမြေကို မြောင်းဘောင်ပြုလုပ် ကာ  အရိုးရင့်သော ကိုင်းများကိုချိုးကာ ကိုင်းကူးစိုက်ပျိုးကြသည်၍   စိုက်ပျိုးပြီးချိန်မှ စပြီးနောက် ပိုင်းမိုးက အဆက်မပြတ်ရွာသွန်းသဖြင့်ရေမွှေးပန်းများစိုက်ပျိုးသော တောင်သူများအနေဖြင့်  စိုးရိမ် ပူပန်နေရကြောင်းသိရသည်။

အဆိုပါရေမွှေးပန်းများကို မြို့သစ်မြို့နယ်ရှိမြို့မစျေးကြီးနှင့် တောင်တွင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်းစသော မြို့ကြီးများကိုတစ်နိုင်တစ်ပိုင်ဆိုင်ကယ်များဖြင့် တင်ဆောင်ကာ ကိုယ်တိုင်သွားရောက်ကာရောင်းချလျက်ရှိကာ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိပြီး မိုးများသည့် အတွက်သာ စိုးရိမ်နေရကြောင်း သိရသည်။

 ကိုဇော်(ပြန်/ဆက်)