ဟိုင်းကြီးကျွန်းမြို့၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး ပြည်သူများဆောင်ရွက်ရမည့် စည်းကမ်းချက်များအား မြန်မာဘာသာ၊ ရခိုင်ဘာသာဖြင့် ၂မျိုးဖြင့် အသိပေးနှိုးဆော်

ဟိုင်းကြီးကျွန်း  ​အောက်တိုဘာ  ၃

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက် များအား မြန်မာဘာသာနှင့် ရခိုင်ဘာသာ ၂မျိုးကို Hand Speaker ဖြင့်လှည့်လည် အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊  မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာ​ရေးအဖွဲ့တို့ ပူး​ပေါင်း၍ အမှတ်(၃)ရပ်ကွက်ဈေးများ နှင့် လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် "မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ် ပြင်ပ သို့ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှား ခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင် ကုန်ခမ်းခြင်း၊ စသည့်လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက် ပြသကြရန်လိုအပ်ကြောင်း စသည့်" လိုက်နာရမည့် စည်းကမ်း ချက်များအား မြန်မာ ဘာသာနှင့်  ရခိုင်ဘာသာ ၂မျိုးကို Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

နွေး​နွေး​အောင် (ပြန်/ဆက်)