မိုးနဲ အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က ဥယျာဉ်ရပ်ကွက်ရှိ ချယ်ရီလမ်းနှင့် သဇင်လမ်းဆုံနေရာတွင် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း (Masks) များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဥယျာဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဘသန်းနှင့် ရပ်/ကျေးစာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ နမ့်ခုံး ရှမ်းများပရဟိတအသင်းမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဝင်များက ချယ်ရီလမ်းနှင့် သဇင်လမ်းဆုံမှနေ၍ မြို့မဈေးသို့ ဈေးလာရောက် ဝယ်ယူကြသော ပြည်သူများ၊ လမ်းသွား လမ်းလာပြည်သူများအား နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) ၄၀၀ ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)