မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၂)ဉီးထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းပျဉ်း အောက်တိုဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၀) ဉီးအား ယမန်နေ့က ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၂)ဉီးမှာ မိုင်းပျဉ်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စု၊ ဟွေအင်(၇) မိုင်ကျေးရွာမှ အမျိုးသား(၄)ဉီး၊ အောက်ဈေးတန်းရပ်ကွက်မှ အမျိုးသမီး(၂)ဉီး၊ ပိန်းဆန်းရပ်ကွက်မှ အမျိုး သား(၂)ဉီးနှင့် အမျိုးသမီး(၂)ဉီး၊  တုံတာမြို့၊ ပန်နောင်လုံကျေးရွာအုပ်စု၊ ပန်နောင်လုံကျေးရွာမှ အမျိုးသား (၁)ဉီးနှင့် တာချီလိတ်မြို့နေ အမျိုးသား(၁)ဉီးတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအနက် မိုင်းပျဉ်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စု၊ ဟွေအင်(၇)မိုင်ကျေးရွာမှ ပိုးတွေ့လူနာ(၄)ဉီးသည် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့ သဖြင့်  အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၌ RDT Test Kit ဖြင့်စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိ ခဲ့ခြင်း၊ အောက်ဈေးတန်းရပ်ကွက်မှ ပိုးတွေ့လူနာ(၂)ဉီး အနက်(၁)ဉီးသည်  ဖျားနာခြင်းလက္ခဏာများ ခံစားရပြီး ကိုဗစ်-၁၉ ရောဂါသံသယရှိသဖြင့် မိုင်းပျဉ်းမြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့်စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ၎င်းနှင့်ဆက်စပ်ထိတွေ့ခဲ့သူ(၄)ဉီးအား ဆက်လက်စစ်ဆေးရာမှ  ကျန်(၁)ဉီးထံတွင် ရောဂါပိုးထပ်မံစစ်ဆေးတွေ့ရှိခဲ့ခြင်း၊ ပိန်းဆန်းရပ်ကွက်မှ ပိုးတွေ့လူနာ(၄)ဉီး အနက်(၂) ဉီးသည် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့ခြင်းနှင့် ကျန်(၂)ဉီးမှာ ဖျားခြင်းလက္ခဏာများခံစားရ သဖြင့် မိုင်းပျဉ်းမြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့်စစ်ဆေးရာမှ ရောဂါပိုး တွေ့ရှိခဲ့ခြင်းနှင့် တုံတာမြို့၊ ပန်နောင်လုံကျေးရွာအုပ်စု၊ ပန်နောင်လုံကျေးရွာမှ ပိုးတွေ့လူနာ (၁)ဉီးသည် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့်ထိတွေ့ခဲ့သဖြင့် ပန်နောင်လုံကျေးလက်ဆေးပေးခန်း၌ RDT Test Kit ဖြင့် စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်းနှင့် တာချိလိတ်မြို့နေ ပိုးတွေ့လူနာ(၁)ဉီးသည် တာချီလိတ်မြို့မှ မိုင်းပျဉ်းမြို့ရှိ ဆွေမျိုးများထံသို့လာရောက်လည်ပတ်ရန် အောက်တိုဘာ ၂ ရက်နေ့က ကိုယ်ပိုင်ကားဖြင့် ထွက်ခွာလာရာ ည ၈ နာရီခွဲအချိန်က မိုင်းပျဉ်းမြို့နယ်၊ ယမ်းခမ်းအုပ်စု၊ နားယမ်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး နားယမ်းကျေးရွာ၊ လယ်တဲ၌ သီးသန့်နေထိုင်ကာ ယမန်နေ့ နံနက်(၉)နာရီ အချိန်က မိုင်းပျဉ်းမြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့်စစ်ဆေးရာမှ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အထက်ပါ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၂)ဉီးအား မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံ၊ တုံတာ တိုက်နယ်ဆေးရုံနှင့် တာကော်ကျေးရွာအုပ်စု၊ ဟွေအင်(၇)မိုင်ကျေးရွာ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကျောင်းရှိ Positive Centre တို့၌ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုခံယူစေမည်ဖြစ်ပြီး ၎င်းတို့၏မိသားစုဝင်များ၊ ထိတွေ့ခဲ့သူများအား အသွားအလာကန့်သတ်၍ စွန်မွန်ဘုန်းကြီးကျောင်း Quarantine Centre နှင့် နေအိမ် ၌ Home Quarantine ထားရှိကာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၉၄)ဉီးအထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရသူ(၄၀၅)ဉီး၊ ဆေးကုသမှုခံယူ နေသူ(၁၈၉)ဉီး နှင့် သေဆုံးလူနာမရှိကြောင်းသိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)