ရန်ကုန် အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ်ကျောင်းတိုက် အတွင်း တည်ဆောက်သည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည် ဆောက်နိုင်ရေးအတွက် အသင်း၏ မတည်ငွေနှင့် အလှူရှင်များ လှူဒါန်းသည့် လှူဒါန်းငွေများဖြင့် တစ်ရက်လီတာ(၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင် သည့် အောက်ဆီဂျင်စက်ရုံသစ်ကို အောက်တိုဘာလအတွင်း စတင်ဖွင့်လှစ် ထုတ်လုပ်အသုံးပြုနိုင်မည်ဖြစ် ကြောင်း စိန်ရတနာ နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပါဝင်အားပေးကူညီမှု လှူဒါန်းငွေ၊ အသင်း၏ မတည်ငွေနှင့် အလှူရှင် အသီးသီးတို့၏ စုပေါင်းလှူဒါန်းငွေတို့ဖြင့် ဝယ်ယူထားပြီး ယင်း အောက်ဆီဂျင်စက်ရုံတွင် တစ်နာရီလျှင်(၄၀)လီတာ ဝင်အိုးကြီး (၁၀)လုံးခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ တစ်ရက်လျှင်(၄၀)လီတာဝင် အိုးကြီး အလုံး(၂၀၀)ခန့် ထုတ်လုပ်ပေးနိုင်ရန် အတွက် စက်ကြီးအား ပြည်တွင်း/ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက တပ်ဆင်ပြီးစီးပြီး ဖြစ်၍ စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်ကာ အောက်တိုဘာလအတွင်း စတင်ဖွင့်လှစ် ထုတ်လုပ် အသုံးပြုနိုင်မည်ဖြစ်သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့် အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များကို အရှိန် အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)