မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁၃) ဦး စစ်ဆေးတွေ့ရှိ

မိုင်းပန် အောက်တိုဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အောက်တိုဘာလ (၃) ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ (၁၉) ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့အား ပြည်သူ့ဆေးရုံ အတွင်းရှိ Isolation Ward တွင် ထားရှိကုသ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူ (၁၃) ဦးမှာ RDT Test Kit ဖြင့် ပထမအကြိမ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် အရှေ့ရပ်ကွက်နေ ကျား (၆) ဦး၊ မ (၅) ဦး နှင့် အလယ် ရပ်ကွက်နေ မ  (၂) ဦးတို့ ဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ (၄) ရက်နေ့မှ အောက်တိုဘာလ (၃) ရက်နေ့အထိ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၉၇) ဦး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (တောင်ကြီး)သို့ နှာခေါင်း၊ အာခေါင်တို့ပတ် Swab နမူနာပို့ဆောင်စစ်ဆေးခြင်း အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၉) ဦး စုစုပေါင်း (၄ဝ၆) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းအနက် သေဆုံး(၅)ဦး၊ ကုသဆဲ (၉၆) ဦး ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စိုင်းဆန်းမြင့်