မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များ မြန်မာနှင့် ရှမ်းဘာသာဖြင့် လှည့်လည်နှိုးဆော်

မိုင်းပျဉ်း အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးလှည့်လှည် နှိုးဆော် ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ နေထိုင်ပြောဆိုရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြ ရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀) ကြာ စနစ်တကျ ဆေးကြောရန်၊ နေအိမ်ရှိ ပြတင်းပေါက် များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူ ရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက်  ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူများ ကိုယ်စီ လိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker အသုံးပြု၍  မြန်မာနှင့် ရှမ်းသာသာစကားဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။

မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၅၉၇) ဦးစစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရရှိသူ(၄၄၁)ဦး၊ ဆေးကုသမှု ခံယူနေသူ (၁၅၆)ဉီးနှင့် သေဆုံးလူနာမရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)