လှိုင်းဘွဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပ

လှိုင်းဘွဲ    အောက်တိုဘာလ  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကမ္လာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာဖတ် ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်စန်းမြင့်နှင့်ဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ရေနံ့သာမောင် ကျော်ညွန့်ရေးသားထားသော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အကြင်နာရပ်ဝန်းမှ မုဒိတာ နှလုံးသားပိုင်ရှင်များအကြောင်း၊ ကမ္ဘာ့ဆရာများထဲမှ မြန်မာ့ဆရာ၊  မတစ်ရာဖွား တပည့်များ၊ စာရိတ္တသီလ၊ ဝါရိတ္တသီလ၊ သားသမီးများအလား၊ ဘဝအတွက် သင်ခန်းစာ၊ သားသမီးသုံးမျိုးသုံးစား၊ ဆရာထက် သာလွန်သော တပည့်ဆရာတို့၏ ဂုဏ်ကျေးဇူး၊ မြတ်ဆရာတို့ စိတ်ထား၊ မေတ္တာတရား၊ ဂရုဏာတရားနှင့် မုဒိတာတရား စသည့်အကြောင်းအရာများကို  အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)