ညောင်ရွှေ အောက်တိုဘာ ၅
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း မျက်နှာဖုံးများ စနစ်တကျတပ်ဆင်အသုံးပြုရေး လူထုအသိပညာပေး လှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက မြို့မယာယီဈေး (ကျောက်တိုင်ကွင်း)၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူထုအသိပညာပေးလှုပ်ရှားမှုတွင် ယာယီဈေးအတွင်း ရောင်းချနေကြသည့် ဈေးသည်များ၊ ဈေးဝယ်လာသူများအား လဲလှယ်အသုံးပြုနိုင်ရန် ပါးစပ်နှင့်နှာခေါင်းစည်း မျက်နှာဖုံး (Mask)ခုရေ (၅၀၀)ခန့် အခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် (၃၀၀)ခန့် ဖြန့်ဝေခြင်း၊ စနစ်တကျလက်ဆေးခြင်းနှင့် မျက်နှာဖုံးစနစ်တကျ တပ်ဆင်အသုံးပြုရေး အသိပညာပေးခြင်းတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတင့်ဝေနှင့် ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ