နမ္မတူ အောက်တိုဘာ ၁၅
ကိုကျောင်လင်းဦး (ပန်ဟိုက်ရပ်ကွက်-၂)
ကျွန်တော်ကတော့ ကျော်လင်းဦးပါ၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်(၂)မှာ နေပါတယ်၊ ဒီကိုဗစ်က ဘယ်လိုစဖြစ်လဲဆိုရင် စစချင်းတော့ ခြေဆစ်တွေလက်ဆစ်တွေ တအား ညောင်းကိုက်တာ၊ အဲ့လိုဖြစ်တော့ အစကရိုးရိုးညောင်းကိုက်မှုလို့ပဲထင်တာ၊ နှစ်ရက်လောက် ကြာတော့ အနံ့ပျောက်သွားတယ်၊ အနံပျောက်ပြီး (၁၂)နာရီခန့်လောက်အကြာမှာတော့ အရသာပါ ပျောက်သွားတယ်၊ အဲ့ဒါကြောင့် နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံကိုသွားပြီး (RDT Test Kit)ဖြင့် စစ်ဆေးလိုက်တော့ ကိုဗစ်ပိုးတွေ့ရှိတယ်၊ အဲ့လိုကိုဗစ်ပိုး တွေ့ရှိတယ်လို့ သိလိုက်ရတော့ စိတ်ထဲမှာ အရမ်းကြောက်မိပြီး စိတ်ဓါတ်တွေကျသွားတယ်၊ အဲ့ဒီနောက် ကုသရေးစင်တာကို ရောက်သွားတယ်၊ အဲ့ဒီရောက်မှ ကိုဗစ်ပိုးတွေ့သူတွေထဲက ကလေးတွေက ဆော့ကစားနေတာတွေ့ရတယ် အဲ့ဒီမြင်ကွင်းလေး တွေ့တော့မှ စိတ်ဓါတ်ကျနေတာတွေ ပြန်တက်လာတယ်၊ ကုသရေးစင်တာမှာ ဆေးတွေပုံမှန်သောက်၊ လေ့ကျင်ခန်းလုပ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီနေထိုင်တယ်၊ အဲ့လိုနေရင်း အနံပျောက်ပြီး (၃)ရက်လောက်အကြာမှာ ထမင်းစားရင် မျိုချမရသလိုလို၊ လည်ချောင်းထဲမှာ တစ်ခုခုပိတ်နေသလိုလိုနဲ့ ထမင်းစားရမကောင်းဘူး၊ ခက်ခဲတယ်၊ မစားလို့လည်းမဖြစ်ဘူး ဆိုတော့ ကြိတ်မှိတ်ပြီးစားရတယ်၊ ဒီလိုနဲ့အနံပျောက်တာ (၇)ရက်ခန့်ကြာတယ်၊ ပြီးတော့ အသက်ရှူရကြပ်လာတယ် အပြင်မှာ အသက်ရှူဖို့ လေတွေမရှိတော့သလိုခံစားရတယ်၊ ဒါနဲ့ သတ်မှတ်ရက်ပြည်ပြီး ရောဂါသက်သာလာတော့ အိမ်မှာစောင့်ကြည့်နေရတယ်၊ အဲ့လိုနဲ့အိမ်ပြန်ရောက်ပြီး စောင့်ကြည့်ရက်ပြည့်တော့ အလုပ်တွေပြန်လုပ်တယ်၊ အခုအချိန်ဆို ကိုဗစ်ပိုးတွေ့ပြီးတာ (၃)လခန့်ရှိပြီ အလုပ်လုပ်တာများပြီး ချွေးထွက်များတဲ့နေ့ဆို တအားမောတယ်၊ နားတဲ့အချိန်ပါ မောတာ၊ ညအိပ်ချိန်လည်း မောတယ် အိပ်မပျော်တာခံစားရတယ်၊ အဲ့လိုနေ့ဆို ဓါတ်ဆားရည်လေး သောက်ထားရင်တော့ အဆင်ပြေ သက်သာတယ်၊ ဒါ့ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါမဖြစ်ပွားအောင် အထူးဂရုစိုက်ပြီး ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ နေထိုင်သင့်တယ်၊ ထိန်းထိန်းသိမ်းသိမ်း နေရင်း ရောဂါပိုးကူးစက်ခံရပြီဆိုလည်း အရမ်းကြီးတော့ကြောက်စရာမလိုပါဘူး၊ ဖြစ်ပြီးရင်လည်း ကျွန်တော်အခု ပိုးတွေ့ပြီး (၃)လလောက်အထိ နဂိုပိုးမတွေ့ခင်ကလိုပုံမှန်မဖြစ်သေးဘူး အရမ်းမောတာ ခံစားရတယ် ဒါကြောင့် လုံးဝလုံးဝပိုးကူးစက်မခံရအောင် ဂရုစိုက်နေထိုင်ဖို့ ဒေသခံပြည်သူတွေကို တိုက်တွန်းပြောကြားလိုပါတယ်။
လူမော် (ပြန်/ဆက်)