ပုဗ္ဗသီရိ အောက်တိုဘာလ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်ရှိ အမှတ်(၂၀) အခြေခံ ပညာအထက်တန်းကျောင်းတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၁၂ )နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac)ထိုးနှံပေးသည့် စုရပ်နေရာ၌ ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေး စာစောင် ဖြန့်ဝေပေးခြင်းနှင့်ဗွီနိုင်းပိုစတာကပ်ခြင်းကို ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း နှင့်ဝန်ထမ်းများ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများများက ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးမည့် အခြေခံပညာကျောင်းပေါင်း (၅၉)ကျောင်း၊ ကိုယ်ပိုင် ကျောင်း(၉)ကျောင်းနှင့်ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း(၅)ကျောင်း စုစုပေါင်း ကျောင်းပေါင်း(၇၃)ကျောင်းမှ အသက်(၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူများကို (၁၂-၁၀-၂၀၂၁)ရက်နေ့မှ ယနေ့အထိ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၁၀၀၀)ဦးကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)