ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၇
ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်(အငြိမ်းစား)ဆရာမကြီး၏ရင်တွင်းစကားTalk Showပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်မှ (အငြိမ်းစား)ဆရာမကြီးဒေါ်ခင်လှက အခုလိုပြောပါတယ်။
ဆရာမကြီးဒေါ်ခင်လှက ဆရာဆိုတာအနန္တဂိုဏ်းဝင်ဖြစ်တဲ့ ဘုရား တရား သံဃာ မိဘ ဆရာ ဆိုပြီးသတ်မှတ်ထားပါတယ်။ကမ္ဘာ့ဆရာများနေ့ဆိုပြီး အောက်တိုဘာ(၅)ရက်နေ့ကို နှစ်စဉ် သတ်မှတ်ထားတဲ့အတွက် အဲ့ဒီနေ့ရောက်တိုင်း အသက်ကြီး အငြိမ်းစား ဆရာကြီး ဆရာမ ကြီးတွေကို နှစ်စဉ်ပူဇော်ကန်တော့ကြလေ့ရှိပါတယ်။ဒီနှစ်မှာတော့ ကိုဗစ်-၁၉ရောဂါဖြစ်ပွား နေမှုအခြေအနေအရ ပူဇော်ကန်တော့ပွဲမကျင်းပနိုင်ခဲ့ပါဘူး။
ကျွန်မတို့ဆရာ/ဆရာအမတွေက ကိုယ့်တပြည့်တွေကို ကိုယ့်ထက်တော်စေချင် ကောင်းစေ ချင်တဲ့စိတ်ထားပြီး လူတော်လူကောင်းဖြစ်ဖို့အတွက် သင်ကြားရေးတာဝန်စပြီး ထမ်းဆောင် ခဲ့တဲ့ အခြေခံပညာ မူလတန်းအဆင့်မှ အလယ်တန်း အထက်တန်းအဆင့်ဆင့်တွေမှာ နားလည်သဘောပေါက်တတ်မြောက်အောင် သင်ကြားပြီး ဆရာတို့ရဲ့ကျင့်ဝတ်ဖြစ်တဲ့ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပအကျန် ဘေးရန်ဆီးကာ သင့်ရာအပ်ဖို့ ဆရာတို့ဆိုတဲ့ ကျင့်ဝတ် ဝတ်ငါးဖြာနဲ့အညီ ကိုယ့်တပြည့်တွေကို အမြဲတမ်းသွန်သင်ပြောဆို ဆုံးမခဲ့ပါ တယ်။ကျွန်မစပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ မူလတန်းပြ အလယ်တန်း အထက်ပြနဲ့ လယ်အုပ် ထက်အုပ်တာဝန်အဆင့်ဆင့်မှာ တပြည့်တွေအများကြီးနဲ့ဆုံခဲ့ရပြီး ဆိုးတဲ့တပြည့်တွေဆို တစ်မျိုးသင်ကြားဆိုဆုံးမပြီး လိမ္မာတဲ့တပြည့်တွေဆိုလည်း တစ်မျိုးသင်ကြားဆိုဆုံးမ ခဲ့ရပါတယ်။ အခုနောက်ပိုင်း အသက်ပြည့်အငြိမ်းစားယူခဲ့ပြီးအခါမှာတပြည့်တွေနဲ့လည်း အများကြီးပြန်ဆုံဖြစ်ပါတယ်။ပြန်ဆုံတဲ့အခါမှာလည်း ကိုယ့်တွေ နေရာအသီးသီးမှာ လူတော် လူကောင်းတွေအဖြစ်ပြန်ပြီးမြင်ရတော့စိတ်ထဲမှာ ကြည်နူးမိပါတယ်။
မျိုးမင်းဦး