ဇီးကုန်း အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြည်သူများ စားသုံးဆီကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဇီးကုန်းမြို့နယ် မြို့မ ဈေးကြီးအရှေ့၌ ပြည်သူများအား စတင်ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချရာတွင် စားသုံးဆီ တစ်ပိဿာကို (၃၇၅၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် (၁)ပိဿာစီ ဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူ များအား တန်းစီစနစ်ဖြင့် ယနေ့တွင် ပိဿာ(၁၀၀)ကို ရောင်းချပေးခဲ့သည်။ ဇီးကုန်းမြို့နယ် အနေဖြင့် စားသုံးဆီ ပိဿာ(၅၀၀)ကို ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာ အုပ်စုများမှ ပြည်သူများ ဝယ်ယူရရှိနိုင်ရေးအတွက်လည်း ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များမှ သက်ဆိုင်ရာအုပ်စုအလိုက် ရောင်းချပေးလျက်ရှိပြီး အောက်တိုဘာ ၈ ရက်နေ့တွင်လည်း မြို့မဈေး ရှေ့တွင် နံနက် ၆ နာရီမှ စတင်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)