ဆီဆိုင် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်နှစ် နှစ်အောက်ကလေးငယ်များကို နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကုန်းဆွတ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ် နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် ဆီဆိုင်မြို့နယ်အတွင်းရှိ ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကိုယ်ဝန်ဆောင် မိခင်(၅၁)ဦး၊ အသက်နှစ် နှစ်အောက်ကလေးငယ်(၂၃)ဦး၊ တစ်ဦးလျှင် ငွေကျပ်လေးသောင်းခွဲစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၃၃၃၀၀၀၀)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကုန်းဆွတ်ကျေးရွာအုပ်စုစာရေး ဦးကျော်ဝင်းဦးနှင့် ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလီတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)