မင်းတုန်း အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ထိုးနှံပေးလျက်ရှိရာ အကြိမ်ပြည့်ထိုးနှံပြီးသူ Covid shield (၆၀၀၀)ဦး၊ Sinopharm (First Phase)တွင် (၆၁၆၇)ဦး စုစုပေါင်း လူဦးရေ (၁၂၁၆၇)ဦးနှင့် Sinopharm(Second Phase)တွင် ပထမ အကြိမ်ထိုးနှံပြီးသူ (၉၆၅၅)ဦး ရှိပြီဖြစ်ပြီး Sinopharm(Second Phase) ကာကွယ်ဆေးခွဲတမ်း ထမ်မံ ရရှိပါက ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် ကာကွယ်ဆေးထိုးနှံခြင်းသည်လည်း အဓိကအခန်း ကဏ္ဍက ပါဝင်သည့်အတွက် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဖြန်ခွဲထိုးနှံ ပေးခဲ့ကြ ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်