ပေါက် အောက်တိုဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပေါက် မြို့နယ်ဦးစီးမှူးရုံးက အောက်တိုဘာ ၇ ရက် နံနက် ၈ နာရီခွဲတွင် ပေါက်မြို့နယ် ထန်းတပင်ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာ ရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြု လုပ်ဆောင်ရွက်ပေးသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ရာ၌ မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးမြင့်အောင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရခြင်း ၏ ရည်ရွယ်ချက်နှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းစနစ်များ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြု လုပ်ရာတွင် ပါရှိရမည့် အထောက်အထားများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ပေါက်မြို့နယ် ထန်းတပင် ကျေးရွာအုပ်စု ၊ ထန်းတပင်ကျေးရွာရှိ ဒေ သခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းအား အထောက်အထားများ စိစစ်၍ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ တစ်ဦးချင်း အလိုက် အခမဲ့ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးသည်။
ပေါက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကပ်ရောဂါကျရောက်နေ သည့်ကာလဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ နိုင်ငံ သားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်လိုသော ဒေသခံပြည်သူများ အခက် အခဲမရှိ အဆင်ပြေစွာ ပြုလုပ်နိုင်စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သွားလာရေးအခက်အခဲဖြစ်သော ကျေးရွာများအား ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြင့်အောင် က ပြောသည်။
ဥမ္မာကျော်(ပြန်/ဆက်)