မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိ     

မဘိမ်း      အောက်တိုဘာ      ၈   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့ခဲ့သည့်သူများ၊ ဖျားနာ၍ အနံ့ပျောက်သူများကို ယမန်နေ့ နေ့လယ်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့သည်။  

မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာ၍အနံ့ပျောက်သူများကို မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် မြိုနယ် အတွင်းရှိ ကျေးလက်ကျန်းမာရေးဝန်ထမ်းများက RDT Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက လူဦးရေ(၇၆)ဦးအားစစ်ဆေးခဲ့ရာ မြို့မရပ်ကွက်မှ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး (၁၅)ဦး၊ နမ့်ပုံးပုံးရပ်ကွက်မှ အမျိုးသမီး(၂)ဦး၊ စုစုပေါင်း(၂၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ပြီး ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်နှင့် မြို့နယ်ခန်းမတို့တွင် သီး သန့်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

မဘိမ်းမြို့နယ်တွင် အောက်တိုဘာ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြု လူနာပေါင်း (၆၅၂)ဦးအနက် ကျန်းမာ၍ ဆေးရုံဆင်းခွင့်ရရှိသူ(၄၀၂)ဦးနှင့် သေဆုံးသူ(၁၇)ဦးရှိပြီဖြစ် ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မျိုးမင်း (ပြန်/ဆက်)