ငရုတ်ကောင်း၊ အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် အသက် ၁၂ နှစ် အထက်ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀နာရီက ငရုတ်ကောင်းမြို့ (အထက)ရှိရွှေရတု ခန်းမဆောင်တွင်ညှိနှိုင်းဆွေးနွေးဆောင်ရွက် ခဲ့ကြသည်။
ရှေးဦးစွာမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်ကအသက်၁၂နှစ်အထက်ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေးအတွက် တာဝန်ကျဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမ များ၊မိဘပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ခြင်းဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ငရုတ်ကောင်းတိုက်နယ်ဆေးရုံမှ ဒေါက်တာသန်းထွဋ်ဝင်း၊ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဝင်းအောင်နှင့် မြို့ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ထွန်းလင်းထက်တို့မှ ကာကွယ်ဆေးထိုးနှံမည့်စု ရပ်နေရာများ၌ အခန်းဖွဲ့စည်းမှု အခြေအနေ၊ ဝင်ပေါက်/ထွက်ပေါက်၊ ဆေးထိုးရန်စောင့်ဆိုင်းနေရာ၊ ဆေးထိုးပြီးနားနေရန်နေရာ၊ စာရင်းသွင်း ရန်နေရာ၊ ဆေးထိုးရန်နေရာ၊ကြီးကြပ်သူများနေရာနှင့်အပူချိန်၊ သွေးပေါင်ချိန်တိုင်းရန် နေရာများ အသီးသီးထားရှိကြရန်ပြောကြားခဲ့သည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးကိုအခြေခံပညာကျောင်းများမှ အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလဒုတိယပတ်အတွင်းဆေးထိုးအုပ်စု(၅)အုပ်စု သတ်မှတ်၍ ကိုဗစ်- ၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)