မြို့သစ် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှ ပြည်သူများအား မြန်မာနိုင်ငံစားသုံးဆီအဖွဲချုပ်၏ အစီအစဉ်ဖြင့် စားသုံးဆီများကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့ ကွက်သစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းနှင့် စံပါယ်ဖြူလမ်းဆုံရှိ (စိန်ရတနာဆီစက်) စားသုံးဆီအရောင်းဆိုင်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့စားသုံးဆီများ ရောင်းချပေးရာတွင် စားသုံးဆီတစ်ပိသာလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် တစ် အိမ်ထောင်လျှင်(၂)ပိဿာနှုန်း၊ စုစုပေါင်းဆီပိဿာ (၁၁၀၀)ပိဿာကို ကိုဗစ်-၁၉ရောဂါများ ဖြစ်ပွားစဉ်ကာလ ပြည်သူများအဆင်ပြေစေရန်အတွက် ကာလတန်ဖိုးအောက်လျှော့ချကာ မြို့သစ် မြို့ကွက် သစ်ရပ်ကွက်၊ ဦးဌေးအောင်မိသားစု စိန်ရတနာဆီစက်နှင့် ဆီရောင်းဝယ်ရေးမှ တာဝန်ယူ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)