ကျိုင်းတုံမြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ အခမဲ့စစ်ဆေးပေး

ကျိုင်းတုံ    အောက်တိုဘာ    ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌  ဒေသခံပြည်များအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများတွင်  RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း အမြန်ဆုံးလျှော့ချနိုင်ရေးအတွက်  မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံပြည်သူ ၃၇၄ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ  RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၅၈ ဦး စစ်ဆေးတွေ့ရှိခဲ့၍ တာဝန်ရှိသူများက အတည်ပြုလူနာ ကုသဆောင်သို့ စနစ်တကျပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ စစ်ဆေးခြင်းကို ကျိုင်းတုံမြို့နယ်၊ အမှတ်(၅)ရပ်ကွက် ကန်နားလုံနှစ်ခြင်း ဘုရားရှိခိုးကျောင်း၊ ကတ်တောင်ကျေးအုပ်စု ကတ်တောင်ကျေးရွာ၊ မိုင်းလပ်ကျေးရွာအုပ်စု ဝမ်လင်ကျေးရွာ၊ လွယ်လုံကျေးရွာအုပ်စု တုံစီကျေးရွာ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ Fever Clinic နေရာများတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးကြီးကြပ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)