ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် နတ်တလင်းမြို့နယ်ရှိ ပြည်သူများအား ရောင်းချပေး

 နတ်တလင်း အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပြည်သူများ စားသုံးဆီကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယနေ့ နံနက် (၈)နာရီ အချိန်က စတင်ကာ နတ်တလင်းမြို့ မြို့မဈေး ဈေးခေါင်းရုံးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် စားသုံးဆီ တစ်ပိသာလျှင် (၃၇၅၀)ကျပ်နှုန်း၊ တစ်အိမ်ထောင်လျှင် (၁)ပိဿာစီ စုစုပေါင်း  ဆီပိဿာ (၅၀၀) ပိဿာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင် ကာ  တန်းစီစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)