ဖျာပုံ အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး၊ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်၍ ဖျာပုံခရိုင်အတွင်း(၄)မြို့နယ်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများဘဝမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ဆရာဇော်ဂျီရာ ပြည့်စာကြည့်တိုက်တိုးချဲ့ဆောင် ခန်းမ၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်းက အဖွင့်အမှာ စကားပြောကြားပြီး၊ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်အေးအေးခိုင်က စိုက်ပျိုးမှု ပတ်ဝန်းကျင်ဇုံ (AgroecologicalZone)များအရ သီးနှံအမယ်ဇုံစိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို အခြေခံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများဘဝမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက် ရခြင်းနှင့် မြန်မာနိုင်ငံစိုက်ပျိုးမှုပတ်ဝန်းကျင်ဇုံ (AgroecologicalZone)များအရ သီးနှံစိုက်ပျိုးရေးဆိုင်ရာ တင်ပြ ချက်များအား ပရိုဂျက်တာဖြင့်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုခရိုင်ဦးစီးမှူးတို့မှ ရေချို၊ရေငန်၊ငါးပုစွန်မွေးမြူရေးလုပ်ငန်းများနှင့် ခရိုင်အတွင်းစိုက်ပျိုးနိုင်သော လယ်ယာမြေဧက၊မြေ အမျိုးအစား များအား အသီးသီးရှင်းလင်း ပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသော (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ဘိုကလေး)မြို့နယ်များမှ တောင်သူကိုယ်စားလှယ်များ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်စပါးကုန် သည်များ၊ ဓာတ်မြေသြဇာ/ပိုးသတ်ဆေးအရောင်းဆိုင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဧရာဝတီစိမ်းလန်း မြေစိုက်ပျိုးရေးကုမ္ပဏီမှ တာဝန်ရှိသူများကမြို့နယ်အလိုက အစုဖွဲ့(၄)ဖွဲ့ ခွဲပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့် တောင်သူများ ဘဝမြင့်မားရေးဆိုင်ရာတွေ့ကြုံနေရသည့် အခက်အခဲများအားအသီးသီးဆွေးနွေးအဖြေရှာကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်