ချောင်းဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းနှင့်အတူ ပန်းခင်းစီမံချက်များဆောင်ရွက်

ချောင်းဦး  အောက်တိုဘာ  

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမ တွင် ယနေ့နံနက် ၉နာရီ အချိန်မှ စတင်ပြီး ညနေ နာရီအချိန်အထိ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသည့် သံဃာတော်များ၊  အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို တတိယအသုတ် ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူများအား ပန်းခင်းစီမံချက် အကောင်ထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ စာရင်းရေးသွင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်ပြီး ချောင်းဦးမြို့နယ်ဆေးရုံ ဆရာဝန်နှင့် သူနာပြုများ လာရောက်ကူညီ ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးမထိုးပေးမီ  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရေသန့်ဗူးနှင့် ပါးစပ်နှာခေါင်းစည်း Mask များဝေပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ် ဆေးထိုး မှတ်တမ်း ရေးသွင်းခြင်းများ  ပြုလုပ်ပြီးနောက် ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသည့် သံဃာတော်များ၊  အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊  အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး ပန်းခင်းစီမံချက်မှ ပြည်သူများအား ဝန်ဆောင်မှု ပေးနေမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့သည်။

ချောင်းဦးမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပထမအသုတ် လူဦးရေ ၄၅၀၀ အား ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးရန်အတွက် ဆေးအလုံးရေ ၁၀၀၀၊ လူဦးရေ ၄၉၉၅ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ယခုတတိယအသုတ် ပထမအကြိမ်ထိုးနှံပေးရန်အတွက် လူဦးရေ ၁၅၀၀ ကို ယမန်နေ့နံနက် မှစတင်ပြီး ထိုးနှံပေးခဲ့ပြီး ယနေ့ဆက်လက် ထိုးနှံပေးနေကြောင်း  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ထိုးနှံပေးနေမှု့နှင့် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား ဝန်ဆောင်မှုပေးနေမှုများကို ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ အဖွဲ့ဝင် ဦးသန်းထိုက်၊ ဦးခင်မောင်မြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့် တို့က ကြည့်ရှုအားပေး ကူညီခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများက ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)