ပင်လောင်း အောက်တိုဘာ ၈
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် (၃၈) ဦးတွေ့ရှိ ပြီးသေဆုံးလူနာ တစ်ဦးရှိကြောင်း သိရသည်။
ယနေ့ ပိုးတွေ့လူနာသစ်များမှာ RDT Test kit ဖြင့်စစ်ဆေးမှုတွင် ၃၈ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သေဆုံးလူနာတစ်ဦးမှာ တီကျစ် ကျေးရွာအုပ်စု ဆည်ခေါင်းရွာမှအသက် ၅၃ နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီးဆီးချို ရောဂါအခံရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် ပင်လောင်းမြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ်ဇွန်လ ၃၀ ရက်နေ့မှ စတင် ကူးစက်ပျံ့ပွားလာပြီး ယနေ့အထိ ပိုးတွေ့လူနာပေါင်း ၁၅၉၉ ဦး ရှိပြီးမြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံ လေးရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု ကုသရေးစင်တာများ သီးသန့်ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်ကုသမှုများပေးခဲ့ရာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၁၄၀၅ ဦးရှိသွားပြီဖြစ်ကြောင်း၊ လွှဲပြောင်းလူနာ ၁၁ ဦး၊ သေဆုံးလူနာ ၁၈ ဦးရှိပြီး၊ ဆေးရုံ တက်ရောက်ကုသဆဲလူနာ ၁၇၂ ဦးအားကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ပင်လောင်း)