ရပ်စောက် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း ရှိမရှိ RDT Test Kit ဖြင့်စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖောင်းတောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ၌ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း အမြန်ဆုံးလျှော့ချနိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များနှင့် စေတနာ့ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား RDT Test Kitဖြင့် ပြည်သူ (၃၆၇)ဦးအား စစ်ဆေးပေးခဲ့ရာ (၆၂)ဦး ပိုးတွေ့ရှိကြောင်းသိရသည်။ အဆိုပါ ပိုးတွေ့လူနာ များအား တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကုသဆောင်သို့ ပို့ဆောင်ကုသပေးလျက်ရှိပြီး ကျန်ရှိနေသောကျေးရွာများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် အောက်တိုဘာ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာစုစုပေါင်း (၂၂၉၃) ဦး၊ ပိုးကင်းစင်သူ စုစုပေါင်း (၁၈၄၃)ဦး၊ သေဆုံးလူနာစုစုပေါင်း (၃၆)ဦးနှင့် ဆေးကုသမှုခံယူလျက်ရှိသူစုစုပေါင်း (၄၁၄)ဦး ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)