ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေး

ပွင့်ဖြူ  အောက်တိုဘာ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦး ရေစာရင်း ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကျေးရွာနေ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က  နိုင်ငံတော်အစိုးရမှ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားအသိအမှတ်ပြု နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းအား ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်၍ ကျေးရွာနေပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းမရှိပါက အခမဲ့ လာရောက်ပြုလုပ် ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ရန်လာရောက် သူများကို အထောက်အထားများ စိစစ်၍ ပန်းခင်းစီမံချက်ဖြင့် အခမဲ့ ပြုလုပ် ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက် ရေးသွင်းပေးခြင်း၊ အသေစာရင်း ပယ်ဖျက်ပေးခြင်းများကို စနစ်တကျ ဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက် ကွင်းဆင်း ဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့်လူမှုဘဝ ပြည့်စုံဘို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ဝန်ဆောင်မှုပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)