ပန်ဆောင် အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်တားဆီး ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရိုးရာစာပေနှင့် လူငယ်များပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖြစ်နိုင်သမျှ မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲအပြင်သို့ ထွက်ခွာသွားလာခြင်း မပြုကြရန်၊ မဖြစ်မနေ အပြင်သို့ ထွက်ခွာရပါက နှာခေါင်းစည်း (mask) တက်ဆင်သွားလာကြရန်၊ အဆိုပါကန့်သတ်ချက် များအား လိုက်နာဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ဆိုင်ရာ ထုတ်ပြန်ချက်များကို တိကျလိုက်နာဆောင်ရွက်သွားကြရန် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)