တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး ဒီဇင်ဘာ ၁၈

ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက အောင်းစုကျေးရွာအုပ်စု၊ ပိန္နဲပင် ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှသောင်းက ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စု လူဦးရေ၊ သန်းခေါင်စာရင်း ကောက်ခံ‌ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြား ခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ထူးက ပန်းခင်းစီးမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအလိုက် လုပ်ငန်းများဆောင်ရွက် ပြီးစီးမူ အ‌ခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောမောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဦးစီးအရာရှိဒေါ်နှင်းငွေစိုး၊ ကျေးလက်လမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်‌ထွေး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက် ဦးစီးမှူးဦးညဏ်မြင့်ထွန်းတို့က ရပ်ရွာအေးချမ်းသာယာရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လုံခြုံရေး၊ ကုန်ထုတ် လမ်းများဖောက်လုပ်နိုင်ရေး၊ ကျေးရွာအတွင်း လမ်းတံတားများကောင်းမွန်ရေး၊ မြစိမ်းရောင် ချေးငွေရရှိရေး၊ သောက်သုံးရေရရှိရေး၊ ကျေးရွာခြင်း ဆက်လမ်း များကောင်းမွန်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် ဌာနအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းများအပေါ် ဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)