ပျော်ဘွယ်မြို့နယ်တွင် ပန်းခင်းစီမံချက်အကြောင်းသိရှိစေရေး LED ပြဘုတ်တင်ယာဉ်ဖြင့် အသိပေးနှိုးဆော်လျက်ရှိပြီး လက်ကမ်းစာစောင်များဖြန့်ဝေ

ပျော်ဘွယ် ဒီဇင်ဘာ ၁၈

ပျော်ဘွယ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြည်သူများ ကိုင်ဆောင် သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး LED ပြဘုတ်တင်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာလ (၁၈)ရက်၊ နံနက်(၈)နာရီခွဲကစတင်၍ မြို့ပေါ် ရပ်ကွက်အတွင်းရှိ လူစည်ကားသည့်နေရာများနှင့် ရန်အောင်ကျေးရွာတို့တွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ပန်းခင်းစီမံချက်ဆိုင်ရာ အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်တို့တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထား ရာတွင် ပြည်သူများမှကူညီရမည့် အချက်အလက်များ၊ နိုင်ငံသားမှတ်ပုံတင်ရှိခြင်းဖြင့် လူမှုစီးပွား မြှင့်တင်နိုင်မည့် အကြောင်းအရာများ၊ မြို့နယ်အတွင်း နေထိုင်ကြသူများအနေဖြင့် ပြည်သူများ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး လာရောက်ဆောင်ရွက် နိုင်ရေး စသည့်အချက်များ ပါဝင်ကြောင်းသိရသည်။

အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)