နတ်တလင်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်စာရေးဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးကျော်မြင့်(မောင်ရွှေလူ) ကျော်မြင့်(ရွှေ)မှ မြို့နယ်စာရေး ဆရာအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဆရာဦးညွှန့်၀င်း (ညွှန့်၀င်းနတ်တလင်း) မှ အတွင်းရေးမှူးအဖြစ် လည်ကောင်း၊ ဦး၀င်းထင် (၀င်းတင်နတ်တလင်း)မှ ဘဏ္ဍာရေးမှူးအဖြစ် အသီးသီးတာဝန်ယူ ဆောင်ရွက်ပြီးမြို့နယ်စာရေး ဆရာအသင်း၀င် စုစုပေါင်း(၈)ဦး ဖြင့်ပြန်လည် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)