မိုင်းငေါ့မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

မိုင်းငေါ့ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ မြိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံးမှ မိုင်းငေါ့မြို့အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်လိုသူမျာကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက် (၈) နာရီ အချိန်က မန်လုံရပ်ကွက်နှင့် မန်ပင့်ကျေးရွာတွင် နေထိုင်သူများအား မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဦးခမ်းရီနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေးအတွက် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ မန်လုံရပ်ကွက်တွင် နေထိုင်သူ ကျာ း(၁၃)ဦး၊ မ(၁၃)ဦး စုစုပေါင်း(၂၆)ဦးနှင့် မန်ပင့်ကျေးရွာတွင် နေထိုင်သူ ကျား(၂၂)ဦး၊ မ(၂၇)ဦး စုစုပေါင်း(၄၉)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၀)စုတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)